မိုးလယ်ကာလယေဘုယျမြစ်ရေခန့်မှန်းချက်
၂၀၁၅ခုနှစ်၊မိုးလယ်ကာလ မြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈-၆-၂၀၁၅ရက်နေ့ထုတ်ပြန်သည်)
မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၊ မော်လိုက် မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဧရာဝတီမြစ်ရေသည် ကသာမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၂)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့ နှင့် မဒေါက်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၂)ကြိမ်ခန့်၊ သံလွင် မြစ်ရေသည် ဘားအံမြို့တွင် (၂)ကြိမ်ခန့်၊ ငဝန်မြစ်ရေ သည် ငါးသိုင်းချောင်းမြို့တွင် (၂)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန် ရောက်ရှိနိုင်ပါသည်။













