လပတ်ခန့်မှန်းချက်

၂၀၁၅ခုနှစ်၊ မေလ လပတ်အတွက်မိုးလေဝသခန့်မှန်းချက်

(၂၈- ၄-၂၀၁၅)ရက်နေ့တွင် ထုတ်ပြန်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။

          အနောက်တောင်မုတ်သုံလေသည် မေလဒုတိယ(၁၀)ရက်ပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း

ဒေသများသို့လည်းကောင်း၊မေလတတိယ(၁၀)ရက်ပတ်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများနှင့် မြန်မာနိုင်ငံ

အလယ်ပိုင်းဒေသများသို့လည်းကောင်း အသီးသီးဝင်ရောက်နိုင်ပါသည်။ဘင်္ဂလားပင်လယ်အော်တွင်လေဖိ

အားနည်းရပ်ဝန်း(၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊(၁)ကြိမ်တွင်ပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဖြစ်သို့ရောက်

ရှိနိုင်ပါသည်။ယင်းကာလအတွင်းအနောက်တောင်မုတ်သုံလေသည်အားအသင့်အတင့်ရှိနိုင်ပါသည်။ကပ္ပလီ

ပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်အသင့်အတင့်မှတိမ်ထူထပ်နိုင်ပြီး၊ကျန်

ဘင်္ဂလားပင်လယ်အော်တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်။

       မိုးရွာသွန်းမှုအခြေအနေမှာရခိုင်ပြည်နယ်တွင်ရွာသွန်းမြဲထက်ပိုပြီး၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့်ချင်းပြည်နယ်တို့တွင်ရွာသွန်းမြဲအောက်လျော့ကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်

နယ်တို့တွင်ရွာသွန်းမြဲခန့်ရွာနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့်ချင်းပြည်

နယ်တို့တွင်(၈)ရက်မှ(၁၂)ရက်ခန့်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်(၁၃)ရက်မှ(၁၆)ရက်ခန့်မိုးထစ်

ချုန်းရွာနိုင်ပါသည်။

နေ့အပူချိန်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊

ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့တွင်မေလ၏ပျမ်းမျှအပူချိန်တို့ထက်ပိုပြီး၊ကျန်တိုင်း

ဒေသကြီးနှင့်ပြည်နယ်တို့တွင်မေလ၏ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ပါသည်။