မိုးဦးကာလသတိပြုကြမိုးလေဝသ ချစ်ကျော်(မိုး/ဇလ)
မကြာမီ အနောက်တောင်မုတ်သုံရာသီလေသည် မြန်မာနိုင်ငံတောင်ပိုင်း၊ ထိုမှတစ်ဆင့်မြစ်ဝကျွန်းပေါ်ဒေသများ၊ သည့်နောက် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်းစသည်ဖြင့် တစ်ပြည်လုံးသို့ တစ်ဆင့်ပြီးတစ်ဆင့် ဝင်ရောက်တော့မည်ဖြစ် ပါသည်။













