မြစ်ရေကြီးခြင်းသတိပေးချက်

 

မြစ်ရေကြီးခြင်းသတိပေးချက်

(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၅)ရက်၊ (၁၄:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

          ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် (၁)ပေခွဲခန့်နှင့် ဖောင်းပြင်မြို့တွင် (၂)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေများသည် နောက်(၃)ရက်အတွင်း ယင်းမြို့ များ၏  စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်ပါသည်။

        သို့ဖြစ်ပါ၍ ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Flood Warning graph for Homalin

Flood Warning graph for Phaung Pyin