၂၀၁၅ခုနှစ်၊ ဧပြီလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

၂၀၁၅ခုနှစ်၊ ဧပြီလ လပတ်အတွက်

မိုးလေဝသခန့်မှန်းချက်

(၂၈- ၃-၂၀၁၅)ရက်နေ့တွင် ထုတ်ပြန်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊

(၁)ကြိမ်တွင်ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်မှတိမ်ထူထပ်

နိုင်ပါသည်။

မိုးအခြေအနေနှင့်မိုးရွာရက်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင်ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ 

တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်

တို့တွင်ရွာသွန်းမြဲခန့်ရွာကာ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ရွာသွန်းမြဲအောက်

မိုးထစ်ချုန်းရွာနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင်(၉)ရက်မှ(၁၂)ရက်ခန့်၊

တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်

တို့တွင်(၆)ရက်မှ(၈)ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်(၃)ရက်မှ(၅)ရက်

ခန့်မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေ့အပူချိန်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူး

တိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင်

ဧပြီလ၏ပျမ်းမျှအပူချိန်တို့ထက်အနည်းငယ်ပိုနိုင်ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်

ဧပြီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ပါသည်။