(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်
၂၀၁၆ခုနှစ်၊သြဂုတ်လ ပထမ(၁၀)ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈-၇-၂၀၁၆ ရက်နေ့ထုတ်ပြန်သည်)
ဧရာဝတီမြစ်ရေသည် သြဂုတ်လပထမ (၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ၃-ပေမှ ၅-ပေခန့်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊မြင်းမူမြို့ ပခုက္ကူမြို့ ၊ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့ တို့တွင် ၁-ပေမှ ၃-ပေခန့် လက်ရှိရေမှတ်များ၏အထက် မြင့်တက်လာ နိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် သြဂုတ်လပထမ (၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၁-ပေမှ ၂-ပေခန့် မြင့်တက်လာနိုင်ပါသည်။













