၂၀၁၁ ခုနှစ်၊ ဆောင်းရာသီ မိုးလေဝသခန့်မှန်းချက်နှင့် သတိပြုဘွယ်ရာများ ချစ်ကျော်(မိုး/ဇလ)
အခုတစ်ပတ်မှာ တင်ပြချင်တာကတော့ လာမယ့်ဆောင်းရာသီ မိုးလေဝသခန့်မှန်းချက် ဖြစ်ပါ တယ်။ အရင်က ကျွန်တော်တို့ ဆောင်းရာသီခန့်မှန်းချက် မထုတ်ပြန်ခဲ့ပါဘူး။ သက်ဆိုင်ရာလအလိုက် ( ဥပမာ - ဒီဇင်ဘာလ ခန့်မှန်းချက်၊ ဇန်နဝါရီၤလခန့်မှန်းချက်၊ ဖေဖော်ဝါရီလခန့်မှန်းချက် ) တစ်ခုချင်းစီသာ ထုတ်ပြန်ခဲ့ပါတယ်။













