(၂၉) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် အခမ်းအနားကျင်းပခြင်း

(၂) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် အခမ်းအနား

ကျင်းပခြင်း

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု

ဦးစီးဌာနမှ ဦးစီး၍ (၂) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ဆွေးနွေးပွဲ

အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့တွင် မိုးလေဝသနှင့်ဇလဗေဒ

ညွှန်ကြားမှုဦးစီးဌာန၊ ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးဗဟိုဌာန၊ (Multi

Hazard Early Warning Center) အဆောက်အတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်

ဒေါက်တာကျော်မိုးဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

အဆိုပါအခမ်းအနားသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆောင်ရွက်

နေသော ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ အခြားဆက်စပ်ဌာနများမှ ဌာနဆိုင်ရာ

ကိုယ်စားလှယ်များ၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊

အမှုထမ်းများနှင့် Online ဖြင့် တက်ရောက်သော မိုးလေဝသနှင့် ဇလဗေဒ

ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရုံးများမှ ဝန်ထမ်းများ

အပါအဝင် စုစုပေါင်း (၁၀၀)ဦးခန့်  တက်ရောက်ခဲ့ကြပါသည်။

 

ဆွေးနွေးပွဲတွင် ၂၀၂၂ခုနှစ်၊ မုတ်သုံရာသီကာလအား ပြန်လည်သုံးသပ်ခြင်း၊

ဆောင်းရာသီကာလ (၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ)

မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များအား တင်ပြဆွေးနွေးခြင်း၊  

စိုက်ပျိုးရေးမိုးလေဝသအခြေအနေနှင့် လာမည့်ဆောင်း ရာသီကာလအတွင်း

ဖြစ်ပေါ်နိုင်မည့် လာနီညာအခြေအနေနှင့် ခန့်မှန်းချက်များအား တင်ပြခြင်း၊

ရာသီအလိုက်ခန့်မှန်းချက်များကို အသုံးပြုသည့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ

ပြီးခဲ့သည့် မိုးရာသီ ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် ရာသီဥတုနှင့် မိုးလေဝသ

ဆိုင်ရာ အတွေ့အကြုံများနှင့် သင်ခန်း စာများကို ဆွေးနွေးခြင်းနှင့် လာမည့်

ဆောင်းရာသီကာလအတွက် ခန့်မှန်းချက်များကို အသုံးပြု၍ ကဏ္ဍအလိုက်

ကြိုတင်ပြင်ဆင်မှုအခြေအနေများအား အသေးစိတ် ဆွေးနွေးခြင်းများ

ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါမုတ်သုံဖိုရမ်ကို ၂၀၀၇ခုနှစ်မှစတင်၍ တစ်နှစ်လျှင်

(၂)ကြိမ် ပုံမှန် ကျင်းပလာခဲ့ရာ ယခုအစည်းအဝေးသည် (၂၉) ကြိမ်မြောက်

ကျင်းပခြင်းဖြစ်ပါသည်။