Depression News, No.2 2026
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၆)
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) မုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်-နောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၆၄၅ မိုင်ခန့်၊ သီရိလင်္ကာ နိုင်ငံ၊ ထရီကိုမာလီမြို့(Trincomalee)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၂၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ အရှေ့တောင်ဘက် ရေမိုင် ၆၀၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
( ခ ) မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၅.၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၇.၃ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့် ဖြစ်ပါ သည်။
( ဂ ) နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်သည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကာ အနောက်- အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းသို့ ရောက်ရှိနိုင် သည်ဟု ခန့်မှန်းရပါသည်။














