၂၀၁၆ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေဝသခန့်မှန်းချက်

၂၀၁၆ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေဝသခန့်မှန်းချက်

 

၁။  ၂၀၁၆ ခုနှစ်၊ မိုးလယ်ကာလ သတ်မှတ်ခြင်း

    ၂၀၁၆ ခုနှစ်၊ မိုးလယ်ကာလသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ သြဂုတ်လ(၃၁)ရက် နေ့

(မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်၊ နယုန်လဆုတ် (၁၁)ရက်မှ ဝါခေါင်လဆုတ် (၁၃)ရက်နေ့)အထိ

ဖြစ်ပါသည်။


၂။  ဘင်္ဂလားပင်လယ်အော်အခြေအနေ
 ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင်

ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လြယ်ပင်နှင့်

ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။

မိုးလယ်ကာလတွင် မုတ်သုံလေအားပြတ်ခြင်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။

၃။ မိုးအခြေအနေ
    စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချြင်ပည်နယ်နှင်‌့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်

ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်

ပါသည်။