Weather Forecast for 2019 Late Monsoon Forecast

၂၀၁၉ ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေ၀သခန့်မှန်းချက်

 မိုးနှောင်းကာလသတ်မှတ်ခြင်း       

၁။      ၂၀၁၉ ခုနှစ်၊ မိုးနှောင်းကာလသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ

(၁)ရက်နေ့မှမုတ်သုံဆုတ်ခွာ သည့်နေ့အထိ (မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊

တော်သလင်းလဆန်း (၃) ရက်နေ့) မှစ၍ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှ

အနောက်တောင် မုတ်သုံလေဆုတ်ခွာသည့်နေ့အထိ ဖြစ်ပါသည်။

 မုတ်သုံလေဆုတ်ခွာသည့် အခြေအနေ

၂။       အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်မှ

အောက်ပါအတိုင်း ဆုတ်ခွာသွားဖွယ်ရာ ရှိပါသည်။

(က)    စက်တင်ဘာလ (၁၃ - ၁၈) ရက်အတွင်း မြန်မာနိုင်ငံ

မြောက်ပိုင်းဒေသများမှလည်းကောင်း၊

(ခ)     စက်တင်ဘာလ (၁၉ - ၂၄) ရက်အတွင်း မြန်မာနိုင်ငံ

အလယ်ပိုင်းဒေသများမှလည်းကောင်း၊(ဂ)     စက်တင်ဘာလ

(၂၅ - ၃၀) ရက်အတွင်းမြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ 

(ဃ)    အောက်တိုဘာလ (၁ - ၆) ရက်အတွင်း မြန်မာနိုင်ငံ

တစ်ဝှမ်းလုံးမှ ဆုတ်ခွာသွားဖွယ်ရာ ရှိပါသည်။

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၃။      ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း

(၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမိုအား ကောင်းလာကာ

မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင် မုတ်သုံလေသည်

အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါသည်။

 

 မိုးအခြေအနေ

၄။      မိုးရွာသွန်းမှု အ‌ခြေအနေမှာ မကွေးတိုင်းဒေသကြီး၊

ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊

ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊

ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် 

မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။