ဘင်္ဂလားပင်လယ်အော်အခြေအနေ (၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၄း၀၀)နာရီအချိန်ထုတ်ပြန်ချက်)       ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော လေဖိအားနည်းရပ်ဝန်း သည် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။  
အားကောင်းသော မုန်တိုင်းငယ်သတင်း (၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့မြန်မာစံတော်ချိန်(ဝရး၀၀)နာရီအချိန်ထုတ်ပြန်ချက်) အားကောင်းသော မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၅)၊၂၀၁၅ အားကောင်းသော မုန်တိုင်းငယ်အ‌ခြေအနေ
အားကောင်းသောမုန်တိုင်းငယ်သတင်း  (၃၀.၇.၂၀၁၅)ရက်နေ့၊ နံနက်(၀၆း၀၀)နာရီအချိန်ထုတ်ပြန်ချက်)   အားကောင်းသောမုန်တိုင်းငယ်အ‌ခြေအနေ (က)    ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့်  အားကောင်းသော မုန်တိုင်းငယ်သည်မြောက်ဘက်သို့ အနည်းငယ်ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ ၏ အနောက်‌ွမောက်ဘက်မိုင်(၅၀)ခန့်၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် (၃၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက် မြောက်ဘက် မိုင်(၉၀)ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက် မိုင်(၁၄၀)ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ (ခ)    အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဦးတည်၍ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းစွန်းဒေသအနီးမှ ရွေ့လျားနေသည့် အခြေအနေဖြစ်ပါသည်။ အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း (က)    အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် ွမန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန် တွင် မြောက်လတ္တီကျု (၂၂.ဝ)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၃)ဒီဂရီတွင်ရှွိပီး၊ ဗဟိုချက်လေဖိအား (၉၉၃)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် (၄၅)မိုင်နှုန်းဖြစ်ပါသည်။ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် (က)     အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် ယနေ့နံနက်မှ နောက်(၂၄)နာရီ အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်း‌ခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။  (ခ)  အားကောင်းသော မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေဒေသသို့ ဖြတ်ကျော်စဉ် မောင်တောခရိုင်ဒေသတွင်  အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိနှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်(၄၅)မိုင်မှ မိုင်(၅၀)အထိတိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။ (ဂ)    မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပါသည်။ (ဃ)    အားကောင်းသော မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသ သို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင် ကမ်းခြေဒေသတွင် (၈)ပေမှ (၁၀)ပေခန့်အထိနှင့် စစ်တွေခရိုင်ကမ်းခြေဒေသတွင် (၆)ပေမှ (၈)ပေခန့်အထိ မြင့်တက် လာနိုင်ကြောင်းခန့်မှန်းရပါသည်။ သတိပေးနှိုးဆော်ချက်                   (က)        အဆိုပါ  အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုး ထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ (ခ)   စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းွပည်နယ်၊ ကရြင်ပည်နယ်နှင့် မွြန်ပည်နယ်တို့တွင် နေရာအနှံ့ အပြားမိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသည်။   အကြံပြုချက် (က)  မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးသတိပြုရန် အကြံပြုအပ်ပါသည်။      
အားကောင်းသောမုန်တိုင်းငယ်အ‌ခြေအနေ (၂၉.၇.၂၀၁၅)ရက်နေ့၊ ညနေ(၁၉း၀၀)နာရီအချိန်ထုတ်ပြန်ချက်) အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၀)၊၂၀၁၅ အားကောင်းသောမုန်တိုင်းငယ်အ‌ခြေအနေ
အားကောင်းသောမုန်တိုင်းငယ်အ‌ခြေအနေ (၂၉.၇.၂၀၁၅)ရက်နေ့၊ မွန်တည့်(၁၂း၀၀)နာရီအချိန်ထုတ်ပြန်ချက်) အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၉)၊၂၀၁၅ အားကောင်းသောမုန်တိုင်းငယ်အ‌ခြေအနေ
မုန်တိုင်းသတင်း (၂၀၁၅ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်၊ မြန်မာစံတော်ချိန်(ဝရး၀၀)နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈)၊၂၀၁၅ မုန်တိုင်းငယ်အခြေအနေ   (က)     ယနေမြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ
မုန်တိုင်းသတင်း (၂၀၁၅ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်၊ မြန်မာစံတော်ချိန်(၁၄း၀၀)နာရီအချိန်ထုတ်ပြန်ချက်)
မုန်တိုင်းသတင်း (၂၀၁၅ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်၊ မြန်မာစံတော်ချိန်(၁၄း၀၀)နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄)၊၂၀၁၅ မုန်တိုင်းငယ်အခြေအနေ
မုန်တိုင်းသတင်း                                                                                                                   (၃၀.၇.၂၀၁၅) မုန်တိုင်းအ‌ခြေအနေ