မြစ်ရေကြီးမှု ဖြစ်ပေါ်နိုင်သော ကာလ မိုးတွင်းကာလ ဇွန်လ မှ အောက်တိုဘာလအတွင်း မြစ်ရေ ကြီးမှု ဖြစ်ပေါ်လေ့ရှိပြီး၊ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် အဖြစ်များသည်။   မြစ်ရေကြီးခြင်း
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများသည် ဧပြီလ၊ မေလ၊ အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် ဖြစ်ပေါ်လေ့ ရှိပါသည်။ မုတ်သုံလေ ရာသီကာလ အတွင်း ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် မုတ်သုံမုန်တိုင်းငယ်များဖြစ်ပေါ် တတ်ပါသည်။ မိုးကြို ရာသီနှင့်မိုးလွန်ရာသီများတွင်ဖြစ်သော မုန်တိုင်းများသည် အဖျက်စွမ်းအားများ၍ပျက်စီးဆုံးရှုံးမှု များစွာဖြစ်စေပါသည်။
ဆူနာမီဆိုသည်မှာကမ်းခြေကိုရိုက်ခတ်သည့် ကြီးမားသောရေလှိုင်းကြီးများဟု အဓိပ္ပါယ်ရပါသည်။ ဆူနာမီရေလှိုင်းသဘာဝ ပထမဆုံးရောက်ရှိလာသော ရေလှိုင်းသည် အကြီးဆုံးလှိုင်း ဖြစ်လေ့မရှိပါ။ စတုတ္ထမြောက်ရေလှိုင်းသည် အကြီးဆုံးလှိုင်း ဖြစ်ပါသည်။ ကုန်းတွင်းရေဖုံးလွှမ်းမှုသည် ကမ်းခြေမှ မီတာ (၁၀၀၀) ခန့် အကွှာအဝေးအထိ ရှိနိုင်သည်။ ဆူနာမီလှိုင်းရွေ့လျားမှု