အချိန်အခါမဟုတ် မိုးရွာမည့် သတိပေးချက်
" ထူးခြားမိုးလေဝသအခြေအနေ သတင်း"
(မြန်မာစံတော်ချိန် (၁၅:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
အမှတ်စဉ်(၀၂/၂၀၁၈)
ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ အနောက်ဘက်မှလာသော
လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် (၁.၄.၂၀၁၈) ရက်နေ့မှ
(၆.၄.၂၀၁၈)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာ
ဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်၊ ကယားပြည်
နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး
တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။













