ဆောင်းရာသီကာလယေဘုယျမြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၂၁ ခုနှစ်၊ ဆောင်းရာသီကာလယေဘုယျ မြစ်ရေအ​ခြေအနေ ခန့်မှန်းချက်

(၂၈.၁၀.၂၀၂၁) ရက်နေ့ ထုတ်ပြန်သည်) 

     ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ၇-ပေမှ ၁၅-ပေခန့်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊  မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁၅-ပေ မှ ၂၀-ပေခန့် လက်ရှိရေမှတ်အောက် ကျဆင်းလာနိုင်ပါသည်။

     ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၉-ပေမှ ၁၆-ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါသည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၇-ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့နှင့် ရွှေစာရံမြို့ တို့တွင် ၂-ပေမှ ၄-ပေခန့်၊ မြစ်ငယ်မြို့တွင်  ၁၀-ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ၄-ပေမှ ၈-ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၃-ပေခန့်၊ ပဲခူးမြစ် ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၄-ပေမှ ၇-ပေခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံမြို့တို့တွင် ၅-ပေမှ ၉-ပေခွဲခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၅-ပေခန့်၊ ငဝန်မြစ် ရေသည် ငါးသိုင်းချောင်းမြို့တွင် ၁၁-ပေခန့်၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၃-ပေမှ ၅-ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၅-ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော် မြို့တို့တွင် ၃-ပေမှ ၄-ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ၂-ပေခွဲခန့်နှင့် ဘီးလင်းမြစ်ရေ သည် ဘီးလင်းမြို့တွင် ၄-ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။