မိုးနှောင်းကာလမြစ်ရေအခြေအနေခန့်မှန်းချက်
၂၀၁၅ခုနှစ်၊ မိုးနှောင်းကာလ မြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈-၈-၂၀၁၅ရက်နေ့ထုတ်ပြန်သည်)
မိုးနှောင်းကာလ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၊ဖောင်းပြင်မြို့၊မော်လိုက်မြို့၊ကလေးဝမြို့၊မင်းကင်းမြို့နှင့် မုံရွှာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၊စစ်ကိုင်းမြို့၊မြင်းမူမြို့၊ ပခုက္ကူမြို့၊ညောင်ဦးမြို့၊ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်(၁)ကြိမ်ခန့်စီ၊စစ်တောင်းမြစ်ရေသည်တောင်ငူမြို့နှင့်မဒေါက်မြို့တို့တွင်(၁)ကြိမ်ခန့်စီ၊ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင်(၁)ကြိမ်ခန့်၊သံလွင်မြစ်ရေသည် ဘားအံမြို့တွင်(၁)ကြိမ်ခန့်နှင့် ငဝန်မြစ်ရေသည်ငါးသိုင်းချောင်းမြို့တွင်(၁)ကြိမ်ခန့်ယင်းမြို့များ၏စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။













